သတင်းထုတ်ပြန်ခြင်း ထား၀ယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ

သတင်းထုတ်ပြန်ခြင်း
ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ
နေပြည်တော်၊ မြန်မာ
၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်နေ့

ထားဝယ် အထူး စီးပွားရေးဇုန် Concession Agreements စာချုပ်များကို ပြင်ဆင်ခြင်းသည် မြေပြင် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရေး လမ်းပွင့်စေမည် ဖြစ်သည်။

ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့် အပြောင်းအလဲများကို ဝမ်းမြောက်စွာ ကြေငြာလိုသည်မှာ ထားဝယ် အထူး စီးပွားရေးဇုန် ကနဦး စက်မှုဇုန် နယ်မြေ စီမံကိန်း အကောင် အထည်ဖော်ရေးအတွက် စာချုပ်ပိုင်းဆိုင်ရာ အစီအစဉ်များအား ပြင်ဆင်မှု ပြုလုပ် ဆောင်ရွက်ပြီးခြင်း ကိစ္စဖြစ်ပါသည်။ ဤကနဦး းစက်မှုဇုန် နယ်မြေ စီမံကိန်း စာချုပ်ပြင်ဆင် ပြီးစီးမှုသည် အခြား ကနဦး အဆင့် စီမံကိန်း (၈) ခု အကောင် အထည်ပေါ်လာရေးအတွက်လည်း အဓိက အခြေခံ အချက် ဖြစ်ပါသည်။

ထိုင်းနိုင်ငံ အစိုးရသည် ထားဝယ် အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်အထိ ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်း ဆောက်လုပ်ရေးအတွက် ချေးငွေ ထုတ်ချေးရန် မကြာသေးမီက သဘောတူခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ချေးငွေ အခွင့်အလမ်းသည် အီတာလျံ-ထိုင်း ကုမ္ပဏီ ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍ ပုဂ္ဂလိက ရင်းနှီး တည်ဆောက်သူများအတွက် အဓိကကျသော အရာများ ကူညီ ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ဤအဓိက ကျသော ဖွံ့ဖြိုး တိုးတက်မှုများ နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အကျိုးကျေးဇူးများ ရရှိကာ ရှေ့ဆက် သွားနိုင်မည်ဖြစ်သည်။

စီမံခန့်ခွဲမှု ကော်မတီသည် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ကာလ ရှည်ကြာစွာ တိုင်ပင် ဆွေးနွေးပြီးမှ စာချုပ်ပါ အချက်အလက် အစီအစဉ်များကို ပြင်ဆင် ပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ အစိုးရအတွက် ပိုမို၍ စွန့်စားမှု ပြုလုပ်ရန် ဖြစ်ပေါ်စေခြင်း (သို့မဟုတ်) ငွေကြေး အကျိုးအမြတ် တစ်စုံ တစ်ရာ လျော့နည်းစေခြင်းများ မပေါ်ပေါက်စေရဘဲ၊ စက်မှုဇုန် လုပ်ငန်းအတွက် ငွေကြေး အရင်းအနှီး လိုအပ်ချက် ဖန်တီး ရရှိနိုင်ရေး အပေါ် အခွင့်အလမ်း ပိုမို ကောင်းမွန်စေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘော တူညီချက် ရလာဒ်များ ရရှိအောင် ဆောင်ရွက်နိုင် ခဲ့ပါသည်။ ဤသဘောတူညီမှု ရလာဒ်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် အကြံဉာဏ်များကို စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူများ ထံမှ ရယူခဲ့ပါသည်။

စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စက်မှုဇုန် အတွင်း နောင်တွင် မြေငှားရမ်းကာ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက် နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေး ပေးချေခြင်းနှင့် ရွှေ့ပြောင်း နေရာချထားခြင်းကိစ္စရပ်များကို နိုင်ငံတကာ စံနှုန်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီ ကိုက်ညီအောင် ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။

စီမံကိန်းအတွက် ငွေလုံး ငွေရင်း အရင်းအနှီးနှင့် တိကျ သေချာသော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ရရှိပြီး သည်နှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် အီတာလျံ-ထိုင်းကုမ္ပဏီသို့ စီမံကိန်း စတင် ဆောင်ရွက်ရန် အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ပါသည်။ စီမံကိန်းအား မကြာမီ ကာလအတွင်း စတင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။
ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ကနဦး စီမံကိန်း လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်စေရေးအတွက် ကနဦး စီမံကိန်း လုပ်ငန်းများအတွင်း ပါဝင်သည့် အခြားသော စီမံကိန်းများကိုလည်း ယခု ပြင်ဆင် ပေးပို့ခဲ့သည့် ကနဦး စက်မှုဇုန် မြေငှား စာချုပ်ကဲ့သို့ ပြင်ဆင် ဆောင်ရွက်ပေးပို့ သွားမည်ဖြစ်ပြီး ဆောင်ရွက်မှုများအား မကြာခင် အသိပေး ကြေငြာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ ဆက်လက် ပေးပို့ ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ရည် ဆိပ်ကမ်း စီမံကိန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆိပ်ကမ်းငယ် စီမံကိန်းများလည်း ပါဝင်မည် ဖြစ်ပါသည်။

အထက်ပါ အီတာလျံ-ထိုင်းကုမ္ပဏီမှ ဆောင်ရွက်မည့် ကနဦး စီမံကိန်း အကောင် အထည်ဖော်နေစဉ် ကာလ အတွင်း ထားဝယ် အထူး စီးပွားရေး ဇုန်အတွင်း အခြားသော စီမံကိန်းများ ဖြစ်ထွန်း အောင်မြင်လာစေရေး အတွက်လည်း ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စတင် စီစဉ် ဆောင် ရွက်လျက် ရှိနေပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

အခြား သိရှိလိုသည်များ ရှိပါက အောက်ပါ အတိုင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်-
ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး
ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံး အဆောက်အဦ၊ နေပြည်တော်
ဖုန်း- +၉၅-၀၆၇-၃၄၁၀၂၅၇
အီးမေးလ်- [email protected] (ဆက်သွယ်ရန် ပုဂ္ဂိုလ်)