ကုမ္ပဏီအရာထမ်း၊ အမှုထမ်းရာထူးနေရာများအတွက် လူတွေ့ဖြေဆိုမည့် အစီအစဥ်ကြေညာခြင်း

၁။     ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ ထားဝယ်အထူးစီးပွားရေးဇုန် ထားဝယ်မြို့တွင် ဝန်ထမ်းသစ်များ ခန့်ထားရန် လျှောက်လွှာတင်ထားသူများကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း လူတွေ့စစ်ဆေးမည် ဖြစ်ပါသည် -
 

စဥ်
နေ့ရက်
အချိန်
လျှောက်ထားသည့်ရာထူး
(က) ၁၉-၈-၂၀၂၂ နံနက် ၉:၃၀ မှ ၁၁:၃၀ ထိ လုံခြုံရေး
အငယ်တန်းစာရေး
(ခ) ၁၉-၈-၂၀၂၂ နေ့လယ် ၁၂:၃၀ မှ ၁၅:၃၀ ထိ လက်ထောက်ကြီးကြပ်ရေးမှူး
လက်ထောက်မန်နေဂျာ
(ဂ) ၂၀-၈-၂၀၂၂ နံနက် ၉:၃၀ မှ ၁၁:၃၀ ထိ လက်ထောက်အထွေထွေမန်နေဂျာ
ဒုတိယအထွေထွေမန်နေဂျာ

၂။     ဝန်ထမ်းလျှောက်လွှာ တင်ထားသူများသည် အထက်ပါ အစီအစဥ်အတိုင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်ရုံး၊ အမှတ်(၃၀)၊ အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အာဇာနည်လမ်းထောင့်၊ လမ်းဆုံကြီး မီးပွိုင့်အနီး၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးသို့ သတ်မှတ်ချိန်အတွင်း လာရောက် လူတွေ့ဖြေဆိုရန် ကြေညာအပ်ပါသည်။

ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့