ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များသို့ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများအား ရှင်းလင်း တင်ပြခြင်း အခမ်းအနားအား Online Video Conferencing စနစ်ဖြင့် ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နေ့လည် (၂) နာရီချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

dec22_meeting


ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းနိုင်မှ ရှင်းလင်း ဆွေးနွေးရာ၌ (၂၀၀၈) ခုနှစ်မှစ၍ ထားဝယ် ရေနက်ဆိပ်ကမ် းစီမံကိန်း စတင်ဖြစ်ပေါ်လာမှု ၂၀၁၃ ခုနှစ်တွင် စီမံကိန်းပုံစံပြောင်းလဲ၍ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းနှင့် ပင်မ စီမံကိန်းအဖြစ် ပြင်ဆင်ပိုင်းခြား ဆောင်ရွက်ခဲ့မှု၊ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရန် MOU ရေးထိုးခဲ့မှု၊ ယခုလတ်တလော ကာလ၌ ဂျပန်နိုင်ငံ အစိုးရက စီမံကိန်း၌ ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်းလာမှုအပေါ်  မြန်မာနိုင်ငံ အစိုးရက ကြိုဆိုလက်ခံခဲ့မှု၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများကိုလည်းကောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ထိုင်းနိုင်ငံနယ်စပ် အထိ နိုင်ငံပိုင်လမ်းအဖြစ် တည်ဆောက် အဆင့်မြှင့်မည့် ၂-လမ်းသွား ကတ္တရာလမ်း ကိစ္စကိုလည်းကောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဖြစ်မြောက်ရန် အရေးပါလှသော နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိအောင် မြန်မာအစိုးရက ကြိုးစား စီမံနေမှုကိုလည်းကောင်း ထည့်သွင်း ရှင်းလင်းခဲ့ပါသည်။

ထို့နောက် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်၊ ဒုတိယဥက္ကဌ (၂)၊ ဒေါက်တာမြင့်ဆန်းမှ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ 

dec22_meeting


ဆက်လက်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးမြန်းမှုများအား သက်ဆိုင်ရာ ကော်မတီဝင်များမှ ပြန်လည် ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ 

dec22_meeting

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး၊ တိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဦးအောင်သူရ၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဦးလှထွေးနှင့် တာဝန်ရှိသူများ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ (၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်အနားမှူးအဖြစ် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်၊ ဒေါက်တာ ထွန်းထွန်း၊ ညွှန်ကြားရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့ပါသည်။