ကုမ္ပဏီအရာထမ်း၊ အမှုထမ်းရာထူး နေရာများအတွက် လူတွေ့ဖြေဆိုမည့် အစီအစဥ်ကြေညာခြင်း (ရန်ကုန်)
၁။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ ရန်ကုန်မြို့တွင် ဝန်ထမ်းသစ်များ ခန့်ထားရန် လျှောက်လွှာတင်ထားသူများကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း လူတွေ့ စစ်ဆေးမည် ဖြစ်ပါသည် -
စဥ်
|
နေ့ရက်
|
အချိန်
|
လျှောက်ထားသည့်ရာထူး
|
(က) | ၂၄-၈-၂၀၂၂ | နံနက် ၉:၃၀ မှ ၁၂:၃၀ ထိ | လက်ထောက်မန်နေဂျာ လက်ထောက်ကြီးကြပ်ရေးမှူး |
(ခ) | ၂၅-၈-၂၀၂၂ | နံနက် ၉:၃၀ မှ ၁၂:၃၀ ထိ | အငယ်တန်းစာရေး |
၂။ ဝန်ထမ်း လျှောက်လွှာတင်ထားသူများသည် အထက်ပါ အစီအစဥ်အတိုင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်ရုံး၊ အမှတ် (၆၂၂/၆၂၆)၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး သို့ သတ်မှတ်ချိန်အတွင်း လာရောက် လူတွေ့ဖြေဆိုရန် ကြေညာအပ်ပါသည်။
ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့