သတင်းစာရှင်းလင်းပွဲအခမ်းအနား

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု လက်ရှိ အခြေအနေအား တင်ပြခြင်း

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် သတင်းထုတ်ပြန်ခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်အား အောက်ပါအတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်- 

•    နေ့ရက်။     ၁၈-၁-၂၀၂၁
•    အချိန်။       နံနက် (၁၀:၀၀) နာရီ
•    နေရာ။       ရတနာခန်းမ၊ ပင်မအဆောက်အဦ၊ မြေညီထပ်၊ ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်

Covid-19 အခြေအနေအရ အခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါ၊ ကာကွယ် ထိန်းချုပ်ခြင်း အစီအမံများနှင့်အညီ ဆောက်ရွက်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ သတင်းအဖွဲ့များမှ လူပုဂ္ဂိုလ် (၂၅) ဦးကိုသာ ကိုယ်တိုင် လာရောက် သတင်းယူခွင့်ပြုမည် ဖြစ်ပါသည်။ လူကိုယ်တိုင် မတက်ရောက်နိုင်သည့် ပုဂ္ဂိုလ်များအား Zoom Online Video Communication စနစ်ဖြင့် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် [email protected] သို့ (၁၅-၁-၂၀၂၁) ရက်နေ့ ည (၁၂:၀၀) နာရီ နောက်ဆုံးထား email ပေးပို့၍ လျှောက်ထားရန် လိုအပ်မည် ဖြစ်ပါသည်။ လျှောက်ထားမှုအား လက်ခံရရှိသူကိုသာ သတင်းစာရှင်းလင်းပွဲ၌ မေးခွန်း မေးမြန်းခွင့်ပြုသွားမည် ဖြစ်ပါသည်။

Zoom မှ တက်ရောက်ခွင့် ရရှိသူများအနေဖြင့် အမည်နှင့် ကိုယ်စားပြု သတင်းဌာနအား (ဥပမာ- Nay Lynn (ABC)) ဖြင့် Zoom name နေရာတွင် ဖော်ပြထားရန် လိုအပ်မည် ဖြစ်ပါသည်။

စုံစမ်းရန်-
ဦးနေလင်း၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးအဖွဲ့၊ နေပြည်တော်
ဖုန်း-၀၉၄၅၀၅၄၁၂၀၀
အီးမေးလ်- [email protected]
Website - www.daweisezmc.com