ကုမ္ပဏီအရာထမ်း၊ အမှုထမ်းရာထူး နေရာများအတွက် လူတွေ့ဖြေဆိုမည့် အစီအစဥ်ကြေညာခြင်း (ရန်ကုန်)

၁။     ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ ရန်ကုန်မြို့တွင် ဝန်ထမ်းသစ်များ ခန့်ထားရန် လျှောက်လွှာတင်ထားသူများကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း လူတွေ့ စစ်ဆေးမည် ဖြစ်ပါသည် -

စဥ်
နေ့ရက်
အချိန်
လျှောက်ထားသည့်ရာထူး
(က) ၂၄-၈-၂၀၂၂ နံနက် ၉:၃၀ မှ ၁၂:၃၀ ထိ လက်ထောက်မန်နေဂျာ
လက်ထောက်ကြီးကြပ်ရေးမှူး
(ခ) ၂၅-၈-၂၀၂၂ နံနက် ၉:၃၀ မှ ၁၂:၃၀ ထိ အငယ်တန်းစာရေး

၂။    ဝန်ထမ်း လျှောက်လွှာတင်ထားသူများသည် အထက်ပါ အစီအစဥ်အတိုင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်ရုံး၊ အမှတ် (၆၂၂/၆၂၆)၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး သို့ သတ်မှတ်ချိန်အတွင်း လာရောက် လူတွေ့ဖြေဆိုရန် ကြေညာအပ်ပါသည်။

ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့