ကုမ္ပဏီအရာထမ်း၊ အမှုထမ်းရာထူးနေရာများအတွက် လူတွေ့ဖြေဆိုမည့် အစီအစဥ်ကြေညာခြင်း
၁။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ ထားဝယ်အထူးစီးပွားရေးဇုန် ထားဝယ်မြို့တွင် ဝန်ထမ်းသစ်များ ခန့်ထားရန် လျှောက်လွှာတင်ထားသူများကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း လူတွေ့စစ်ဆေးမည် ဖြစ်ပါသည် -
စဥ်
|
နေ့ရက်
|
အချိန်
|
လျှောက်ထားသည့်ရာထူး
|
(က) | ၁၉-၈-၂၀၂၂ | နံနက် ၉:၃၀ မှ ၁၁:၃၀ ထိ | လုံခြုံရေး အငယ်တန်းစာရေး |
(ခ) | ၁၉-၈-၂၀၂၂ | နေ့လယ် ၁၂:၃၀ မှ ၁၅:၃၀ ထိ | လက်ထောက်ကြီးကြပ်ရေးမှူး လက်ထောက်မန်နေဂျာ |
(ဂ) | ၂၀-၈-၂၀၂၂ | နံနက် ၉:၃၀ မှ ၁၁:၃၀ ထိ | လက်ထောက်အထွေထွေမန်နေဂျာ ဒုတိယအထွေထွေမန်နေဂျာ |
၂။ ဝန်ထမ်းလျှောက်လွှာ တင်ထားသူများသည် အထက်ပါ အစီအစဥ်အတိုင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်ရုံး၊ အမှတ်(၃၀)၊ အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အာဇာနည်လမ်းထောင့်၊ လမ်းဆုံကြီး မီးပွိုင့်အနီး၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးသို့ သတ်မှတ်ချိန်အတွင်း လာရောက် လူတွေ့ဖြေဆိုရန် ကြေညာအပ်ပါသည်။
ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့