DSEZ MC နှင့် JICA Myanmar Working Level အစည်းအဝေးကျင်းပခဲ့ ၁၈ ဒီဇင်ဘာ ၂၀၂၀ ပြည့်နှစ်

Dec18_meeting_02


ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင် ဦးဆောင်သော ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်များသည် ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် Mr. KON Tetsutaro, Senior Representative ဦးဆောင်သော JICA Myanmar အဖွဲ့အား Online Video Conferencing အသုံးပြု၍ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် Working Level အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေးတွင် JICA မှ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေရန်အတွက် အသစ်ခန့်အပ်ထားသော ကျွမ်းကျင်သူနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ DSEZ MC မှလည်း JICA မှ အကူအညီပေးမည့် ကျွမ်းကျင်သူ နှစ်ဦးအား လက်တွဲလုပ်ဆောင်ရန် ကြိုဆိုခဲ့ပြီး Working Level တွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။