ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၁၁-၀၁-၂၀၂၁) ရက် နေ့တွင် Online Video Meeting ပြုလုပ် ကျင်းပခဲ့ပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၁၁-၀၁-၂၀၂၁) ရက် နေ့တွင် Online Video Meeting ပြုလုပ် ကျင်းပခဲ့ပါသည်။ အစည်းအဝေး သဘာပတိအဖြစ် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးမှ စီမံကိန်းလုပ်ငန်းများအကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စီမံကိန်းဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ရေး သတင်းထုတ်ပြန်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်း ခဲ့ကြပါသည်။
