ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (၄/၂၀၁၉) အစည်းအဝေး

(၁၄-၈-၂၀၁၉) ရက်နေ့၊ နေ့လည် (၀၈:၃၀) နာရီအချိန်၌ ရုံးအမှတ် (၂၇) ၌ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (၄/၂၀၁၉) အစည်းအဝေးအား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်၊ ဒေါ်ရီရီချို၊ ဒုတိယ ဥက္ကဌ (၁) နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဒေါက်တာမြင့်ဆန်း၊ ဒုတိယဥက္ကဌ (၂)၊ ဒေါက်တာ သီတာဦး၊ အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေ အကြံဉာဏ်ပေးရေး ဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ SPV-မြန်မာ ဒါရိုက်တာများ၊ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်များ၊ ပြင်ပ ဥပဒေ အကြံဉာဏ်ပေး (SCM Legal) တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာ အထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်း အဖွဲ့တို့၏ လမ်းညွှန်ချက်အရ မြေငှားစာချုပ်နှင့် ဆက်စပ် စာချုပ်များအား ကနဦး အထူး စီးပွားရေးဇုန် ရင်းနှီး တည်ဆောက်သူထံသို့ ပေးပို့နိုင်ရေး ဆွေးနွေးခဲ့ပါသည်။