၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ထားဝယ် အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ အဆင့်မြှင့်တင် ဖောက်လုပ်မည့် (၂) လမ်းသွား ကားလမ်း စီမံကိန်းနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

myanmar_thailand_border

myanmar_thailand_border

myanmar_thailand_border

myanmar_thailand_border

ထားဝယ် အထူး စီးပွားရေးဇုန် မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ အဆင့်မြှင့်တင် ဖောက်လုပ်မည့် (၂) လမ်းသွား ကားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ အခမ်းအနား အား ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ထားဝယ် အထူး စီးပွားရေးဇုန် ရှင်းလင်းဆောင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေး၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယ  ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း ဦးဆောင်သည့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ ၊ Neighbouring Countries Economic Development Cooperetion Agency (NEDA) မှ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေး က အဖွင့် အမှာစကား ပြောကြားရာတွင် SEZ မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ အဆင့်မြှင့်တင် ဖောက်လုပ်မည့် (၂) လမ်းသွား ကားလမ်း စီမံကိန်းသည် ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော် လာခဲ့ရာ (၁၀) နှစ်ကျော်ကာလ အထိ ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင်း ဆောင်ရွက်ထားသည့် လမ်းပိုင်းသည် ပြီးစီးတော့မည် ဖြစ်သဖြင့် မြန်မာဘက်ခြမ်းတွင် ဆောင်ရွက်မည့် လမ်းပိုင်းအား အမြန် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း လုပ်ဆောင်ရသည့် လုပ်ငန်းများအနေဖြင့် နိုင်ငံတကာက သတ်မှတ်ထားသည့် စံနှုန်းများကို လိုက်နာသွားမည် ဖြစ်ကြောင်း၊ လမ်းဖောက် လုပ်ခြင်းဖြင့် (၂) နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းမည်ဟု ယုံကြည်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေရန်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ဥပဒေများ ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် NEDA မှ တာဝန်ရှိသူများက SEZ မှ မြန်မာ- ထိုင်းနယ်စပ် ထီးခီးအထိ အဆင့်မြှင့် တင်ဖောက်လုပ်မည့် (၂) လမ်းသွား ကားလမ်း စီမံကိန်းအား ရှင်းလင်း ပြောကြားခဲ့ပြီး ထား၀ယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းမှ ပြောကြားရာတွင် (၂) လမ်းသွား ကားလမ်း စီမံကိန်းအတွက် ဒေသခံများ တွေ့ဆုံပွဲတွင် တက်ရောက် ခဲ့သည့် NEDA အဖွဲ့၊ Consultant အဖွဲ့၊ လမ်းဦးစီးဌာန၊ ဒေသခံ ရွာသူ ရွာသားများနှင့် ဌာနဆိုင်ရာများအား ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါ ဒေသခံများ တွေ့ဆုံပွဲအား မေတ္တာ၊ ထီးခီးဒေသများတွင် ဆက်လက် ကျင်းပ သင့်ပါကြောင်း၊ (၂) လမ်းသွား ကားလမ်းသည် အရေးကြီးပါကြောင်း၊ ထား၀ယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ (၂) လမ်းသွား ကားလမ်း စီမံကိန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်းအပိုင်း (၃) ပိုင်း ခွဲခြား ထားပါကြောင်း၊ နှင့် အစိုးရမှ ချေးငွေ စာချုပ် ချုပ်ဆိုပြီးပါက လမ်းအဆင့်မြှင့် တည်ဆောက် သွားမည်ဖြစ်ပြီး၊ ဒေသခံများ တိုးတက် ဖွံ့ဖြိုးသွားမည် ဖြစ်ပါကြောင်း ဖြည့်စွက် ဆွေးနွေးခဲ့ပြီးနောက် တက်ရောက် လာသည့် အဖွဲ့အစည်းနှင့် ဒေသခံ ပြည်သူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လယ် (၁၁:၄၅) နာရီတွင် အစည်းအဝေးအား ရုပ်သိမ်း ခဲ့ပါသည်။