(၁.၄.၂၀၁၉) ရက်နေ့တွင် ထားဝယ် အထူး စီးပွားရေးဇုန်သို့ ပြည်ထောင်စု ဝန်ကြီးများနှင့် တနင်္သာရီတိုင်း ဝန်ကြီးချူပ် တို့မှ လာရောက် ကြည့်ရူလေ့လာ လမ်းညွှန် မှာကြားခြင်း

tanintharyi

tanintharyi

tanintharyi

tanintharyi

မြန်မာ အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဒုတိယ ဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာအထူး စီးပွားရေးဇုန် ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် တနင်္သာရီတိုင်း ဝန်ကြီးချူပ် ဦးမြင့်မောင် တို့ ဦးဆောင်သော အဖွဲ့သည် (၁.၄.၂၀၁၉) ရက်နေ့တွင် ထားဝယ် အထူးစီးပွားရေးဇုန်သို့  လာရောက်၍ ထားဝယ် အထူး စီးပွားရေးဇုန် ဆောင်ရွက်နေမှု အခြေနေများအား ကြည့်ရူစစ်ဆေးခဲ့ရာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းမှ ထားဝယ် အထူးစီးပွားရေးဇုန် ဆောင်ရွက်နေသည့် အခြေနေများအား power point presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး  ပြည်ထောင်စု ဝန်ကြီးများနှင့် တနင်္သာရီတိုင်း ဝန်ကြီးချူပ် တို့မှ သိရှိလိုသည်များ ပြန်လည် မေးမြန်းခြင်းနှင့် အကြံပြုချက်များ လမ်းညွှန် ပြောကြားပြီးနောက်  ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ် ဖူနမ်ရွန်ထိ ဖောက်လုပ်မည့် နှစ်လမ်းသွား ကားလမ်း အစပြုရာ သုည ကီလိုမီတာ သို့လည်းကောင်း၊ ကနဦး လုပ်ငန်း စီမံကိန်းများ အနက် တစ်ခု အပါအဝင်ဖြစ်သည့် ဆိပ်ကမ်းငယ် (small port) တည်ရှိရာ နေရာသို့ လည်းကောင်း သွားရောက် ကြည့်ရူစစ်ဆေး ပြီးနောက် ထားဝယ် အထူး စီးပွားရေးဇုန်မှ ပြန်လည် ထွက်ခွာခဲ့ပါသည်။