၂၀၁၈ ခုနှစ် မတ်လ ၁၆ရက် နေ့တွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး၌ DSEZ (MC) ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အဖွဲ့အား JBIC မှ Mr.Sato Tsutomu နှင့်အဖွဲ့ လာရောက် တွေ့ဆုံခြင်း

 sato_tsutomu-    ထိုသို့ လာရောက် တွေ့ဆုံရာတွင် JIBC မှ DSEZ စီမံကိန်းတွင် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံ Frame Work Agreement အရ ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ လိမီတက် (SPV) ဖွဲ့စည်းခဲ့ပါကြောင်း၊ SPV တွင် တစ်နိုင်ငံလျှင် Bord of  Director (၃) ဦးစီ ပါဝင်ပါကြောင်း၊ JIBC အနေဖြင့် SPV တွင် Board  of  Director  အဖြစ် တာဝန်ယူ ထားရပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

-    ထို့နောက် ဒုဥက္ကဌ (၂) ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း တွင် ၂ လမ်းသွား ကားလမ်း စီမံကိန်းနှင့် EIA, SIA လူထုတွေ့ဆုံပွဲ ဆောင်ရွက်မည့် အစီအစဉ်များ၊ DSEZ  Website လွှင့်တင်မည့် အခြေအနေများ၊ ERM အဖွဲ့မှ မြေယာ လျော်ကြေးပေးရေး အဖွဲ့တွင် ပါဝင်သည့် အရာရှိများအား Training ပေးမည့် အစီအစဉ်များ၊ ပူးတွဲ လုပ်ငန်းအဖွဲ့ (Joint Task Force) ဖွဲ့စည်း ဆောင်ရွက် လျှက်ရှိသည့် အခြေအနေ၊ မြေငှားစာချုပ် (Land Lease Agreement) ချုပ်ဆိုနိုင် ရေးအတွက် BLP ကုမ္ပဏီအား ငှားရမ်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ၂လမ်းသွား ကားလမ်း၊ စက်မှုဇုန်၊ လျှပ်စစ်ဓါတ်အား ထုတ် လုပ်ရေးစသည့် ဦးစားပေး ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။