၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက် နေ့တွင် ထားဝယ် အထူးစီးပွားရေး ဇုန်စီမံ ခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အဖွဲ့အား Myanmar Chemical & Machinery Co.,Ltd နှင့်အဖွဲ့ Refinery Plant & LNG Power Plant ရင်းနှီးမြှုပ်နှ

refinery plantထိုသို့ လာရောက် တွေ့ဆုံရာတွင် ဒုဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းမှ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သော ကနဦး စီမံ ကိန်းနှင့် ပင်မ စီမံကိန်းများ အခြေအနေ၊ ကနဦး စီမံကိန်းတွင် ပါဝင်သော လုပ်ငန်း (၉) ခု စာချုပ် ချုပ်ဆို ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။    

MCM ကုမ္ပဏီ Senior Advisor  ဦးခင်မောင်ကျော်မှ မိမိတို့ ကုမ္ပဏီ အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသများတွင် လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး လုပ်ငန်း အတွေ့အကြုံ များစွာ ရှိပါကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံ ကိန်းတွင် တရုတ်နိုင်ငံ ကုမ္ပဏီနှင့် ပူးပေါင်း၍ ရေနံချက် စက်ရုံနှင့် LNG Port လုပ်ငန်းများ တည်ဆောက် ရင်းနှီး မြှုပ်နှံလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒေါက်တာမြင့်ဆန်းမှ DSEZ  စီမံကိန်းတွင် ပါဝင် ရင်းနှီး မြှုပ်နှံလိုပါက Proposal  တင်ပြရန်နှင့် ဆက်လက် တင်ပြပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။