၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်နှင့် အဖွဲ့အား TBEA Co.Ltd (China) မှ Regional Manager Mr. Richard Wu လာရောက် တွေ့ဆုံခြင်း

TBEA- ထိုသို့ တွေ့ဆုံရာတွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်မှ ထားဝယ် အထူး စီးပွားရေးဇုန်၏ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်

- ထို့နောက် TBEA Co.Ltd မှ ၄င်းတို့သည် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အခြေစိုက် ဖြစ်ပြီး Transformer, Transmittions Line , Cable, Solar Plant, Industrial Zone, Highway Road, High Speed Rail, Airport လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အတွေ့အကြုံများ ရှိကြောင်း၊ ထားဝယ် အထူး စီးပွားရေးဇုန်တွင် ပါဝင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါကြောင်း၊ အထူးသဖြင့် Solar Power Plant, Highway Road, Industrial Zone လုပ်ငန်းများတွင် အဓိက ပါဝင်လိုပါကြောင်းနှင့် သိရှိ လိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။