၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ရက် နေ့တွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး၌ DSEZ (MC) ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အဖွဲ့အား Myanwin (China) Co.Ltd မှ ဦးစိုးမိုးနိုင်နှင့် အဖွဲ့ လာရောက် တွေ့ဆုံခြင်း

- ထိုသို့ လာရောက် တွေ့ဆုံရာတွင် Myanwin (China) Co.Ltd အနေဖြင့် ဟောင်ကောင် အခြေစိုက် မိတ်ဖက် ကုမ္ပဏီများနှင့် ပူးပေါင်း ၍ ထားဝယ် အထူး စီးပွားရေးဇုန်တွင် ပါဝင် ရင်းနှီးမြှုပ်နှံ လိုကြောင်း (အထူးသဖြင့် ဆိပ်ကမ်း၊ စက်မှုနှင့် စွမ်းအင် ကဏ္ဍများ) တွင် ရင်းနှီး မြှုပ်နှံလိုကြောင်း ဆွေးနွေး ခဲ့ပါသည်။

- ထို့နောက် ဒုဥက္ကဌ (၂) မှ ထားဝယ် အထူး စီးပွားရေးဇုန်၏ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပါတ်သတ်၍ သိရှိလို သည်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။