၂၀၁၇ ခုနှစ် မေလ ၂၄ ရက် နေ့ နံနက် ၁၀:၀၀ နာရီတွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ(MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်တို့အား ထိုင်းနိုင်ငံ အစိုးရအဖွဲ့ မှ လာရောက် တွေ့ဆုံ ဆွေးနွေး

DSEZ(MC)မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူ ဖွဲ့စည်းခဲ့သော JCC အစည်းအဝေးများ ပြန်လည် ကျင်းပရန် ကြိုတင် ညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း၊  JHC,JCC  နှင့် JSC တို့၏ဖွဲ့စည်းပုံများအား ပြန်လည် သုံးသပ် ဆွေးနွေးပြီး SPV အခန်းကဏ္ဍနှင့် Management, Financial, Operational Schedule များအား အသေးစိတ် ပြန်လည် ဆွေးနွေးခြင်း၊ 2 Lane Road Project နှင့် ပတ်သတ်သည့် အစီအစဉ်များ Special Task Force ဖွဲ့စည်းရန်နှင့် Joint Special Task Force များဖွဲ့စည်းရန် ၊ JICA မှ Master Plan ရေးဆွဲရာတွင် ထိုင်းနိုင်ငံမှ မြန်မာအစိုးရနှင့် ပြန်လည် ညှိနှိုင်းလိုကြောင်း ဆွေးနွေး ခဲ့ကြပါသည်။