၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်တို့အား JICA မှ ကျွမ်းကျင် ပညာရှင်များ လာရောက်တွေ့ဆုံခြင်း

JICA_meeting- ထိုသို့ လာရောက် တွေ့ဆုံရာတွင် ဒုဥက္ကဌ (၂) မှ  အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုကော်မတီ၊ ဗဟိုလုပ်ငန်း ကော်မတီနှင့် စီမံခန့်ခွဲရေး ကော်မတီများကို အသစ် ဖွဲ့စည်း ဆောင်ရွက်ထားကြောင်း၊  လုပ်ငန်းများ ပိုမို ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိန်ခေါ်မှု အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြပါသည်။

- ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းနှင့် အား Myanwin(China) Co.Ltd မှ လာရောက် တွေ့ဆုံပြီး Myanwin (China) အနေဖြင့် ဟောင်ကောင် အခြေစိုက် မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်း၍ ထားဝယ်အထူး စီးပွားရေးဇုန် (အထူးသဖြင့် ဆိပ်ကမ်း၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများ) တွင် ပါဝင် ရင်းနှီး မြှုပ်နှံလိုကြောင်း ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းနှင့် အား JICAမှ လာရောက်တွေ့ဆုံပြီး JICA  အဖွဲ့မှ Master Plan ရေးဆွဲရေးအဖွဲ့ လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် DSEZ Master Plan အတွက် ဆိပ်ကမ်း Boring Survey Data များအား ITD မှ ရယူလိုကြောင်း၊ မြန်မာဘက်မှ DSEZ Master Plan ရေးဆွဲရန် JICA သို့ လုပ်ငန်း အပ်နှံထားကြောင်း ရုံးစာ ထုတ်ပြန်ပေးရန်နှင့် ITD သို့ ညှိနှိုင်းပေးစေလိုကြောင်း ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းအား Nippon Koei အဖွဲ့မှ လာရောက်တွေ့ဆုံပြီး  Nippon Koei အနေဖြင့် ITD နှင့် CA ချုပ်ဆိုထားသော Project (၉) ခု အနက် (၆) ခုတွင် independent  Engineer အဖြစ် ပါဝင်ဆောင်ရွက်ရန် ချုပ်ဆိုထားကြောင်း၊ Project  detail  Design၊ စံချိန်စံညွှန်းများ စစ်ဆေးရန်နှင့် ပြီးစီးပါက ပြီးစီးကြောင်း Certificate  ထုတ်ပေးရန်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းအား JICA Expert မှ လာရောက် တွေ့ဆုံပြီး  DSEZ Master Plan  ရေးဆွဲရန် အချက်အလက်များအား လာရောက်ဆွေးနွေး စုဆောင်းခြင်း ဖြစ်ကြောင်း၊ Master Plan တွင် Deep Sea Port, Industrial Zone, Power Plant တို့ ပါဝင်မည်ဖြစ်ပြီး Master Plan အား တစ်နှစ်အတွင်း ပြီးစီးအောင် ရေးဆွဲ မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
 
၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နှေု နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းအား HR Walling Ford Co.Ltd  မှ လာရောက် တွေ့ဆုံပြီး  HR Walling Ford အနေဖြင့် UK အခြေစိုက်ကုမ္ပဏီ ဖြစ်ပြီး ထားဝယ် အထူး စီးပွားရေးဇုန်တွင် Port & Terminal  Planning Dredging, Reclamation လုပ်ငန်းများတွင် Technical Consultant အနေဖြင့် ပါဝင် လုပ်ဆောင်လိုကြောင်း ဆွေးနွေးခဲ့ပါသည်။  

၂၀၁၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းအား JICA  မှ လာရောက် တွေ့ဆုံပြီး  Master Plan ရေးဆွဲရာတွင်  DSEZ  Master Plan နှင့် တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးရေး Master Plan ပါဝင်မည် ဖြစ်ပြီး Deep Sea  Port Industrial Zone, Power Plant တို့ ပါဝင်ပြီး  Master Plan အား တစ်နှစ်အတွင်း ပြီးစီးအောင် ရေးဆွဲမည် ဖြစ်ပါသည်။ Master Plan ရေးဆွဲရာတွင် ၆/၂၀၁၇, ၁၀/၂၀၁၇, ၂/၂၀၁၈ တွင် (၃) ကြိမ် Report တင်ပြသွားမည် ဖြစ်ပြီး Financial Plan နှင့် Timeframe တို့ ပါဝင် မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းအား MFOCN Co.Ltd  မှ လာရောက် တွေ့ဆုံပြီး  DSEZ  တွင် Fiber Project ဆက်သွယ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်တို့အား ထိုင်းနိုင်ငံ NESDB အဖွဲ့မှ လာရောက် တွေ့ဆုံပြီး  မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူ ဖွဲ့စည်းခဲ့သော JCC အစည်းအဝေးများ ပြန်လည် ကျင်းပရန် ကြိုတင် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊  JHC,JCC  နှင့် JSC တို့၏ ဖွဲ့စည်းပုံများ အား ပြန်လည် သုံးသပ် ဆွေးနွေးပြီး SPV အခန်းကဏ္ဍနှင့် Management , Financial, Operational Schedule များအား အသေးစိတ် ပြန်လည် ဆွေးနွေးခြင်း၊ 2 Lane Road Project နှင့် ပတ်သတ်သည့် အစီအစဉ်များ Special Task Force ဖွဲ့စည်းရန်နှင့် Joint Special Task Force များ ဖွဲ့စည်းရန် ၊ JICA မှ Master Plan ရေးဆွဲရာတွင် ထိုင်းနိုင်ငံမှ မြန်မာအစိုးရနှင့် ပြန်လည် ညှိနှိုင်းလိုကြောင်း ဆွေးနွေးခဲ့ ကြပါသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီ  တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းအား OXFORD Business Group မှ လာရောက် တွေ့ဆုံ The Report Myanmar  အား နှစ်စဉ် ပြုစုထုတ်ဝေ လျှက်ရှိပြီး OBG Economy အခန်းကဏ္ဍတွင် ထားဝယ် အထူးစီးပွား ရေးဇုန်မှ ကြော်ငြာ ထည့်သွင်းလိုပါက လက်ခံ ဆောင်ရွက်ပေးမည့် အကြောင်းအား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်

၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ထားဝယ် အထူး စီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းအား ITD Co.Ltd မှ လာရောက် တွေ့ဆုံပြီး ITD အနေဖြင့်  ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ (DSEZ MC) နှင့် ပူးပေါင်းဆောင်ရွက်လို ပါကြောင်း၊ Political Level အပြင်  Technical Operational Meeting  များကို အကြိမ်ရေ များများ ပြုလုပ်လိုပါကြောင်း၊ သတင်း အချက်အလက်များ မျှဝေ ပေးနိုင်ရန် လိုပါကြောင်း၊ MC နှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင် ရွက်လိုပါကြောင်း၊ DSEZ စီမံကိန်းအား ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက် လိုပါကြောင်းနှင့် လက်ရှိ ကြိုးစား ဆောင်ရွက်နေပါကြောင်း ဆွေးနွေးပြီး DSEZ (MC) ဒုဥက္ကဌ ဒေါက်တာမြင့်ဆန်းမှ ITD မှ ထိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့ ခရီးစဉ်တွင် DSEZ နှင့် ပါတ်သတ်၍ JHC, JCC အစည်းအဝေးများ ပြန်လည် ကျင်းပရန်၊ 2 Lane ချေးငွေကိစ္စ၊ Power Plant Project များ ဆွေးနွေးနိုင်ကြောင်း အသိပေး ဆွေးနွေးခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းအား ITD Co.Ltd မှ လာရောက် တွေ့ဆုံပြီး ITD အနေဖြင့်  2 Lane Road Project အား ထိုင်းနိုင်ငံ NEDA မှ Loan ချေးငွေဖြင့် ရယူ ဆောင်ရွက်သွားမည့် အခြေအနေများ၊ 2 Lane Road အား Public Road အဖြစ် လုပ်ငန်း ဆောင်ရွက်မည့် အခြေ အနေများ ITD မှ လမ်းအသုံးပြုခ ကောက်ယူမည့် နှုန်းထားများ၊ ITD မှ 2 Lane Road  Project မြေသားလမ်းကြမ်း ကုန်ကျ စရိတ်အား Historical  Cost အနေဖြင့် သီးခြား ရှင်းလင်း ပေးရမည့် အခြေအနေများ၊ Land Lease Agreement နှင့် ပါတ်သတ်၍ အဓိက ဆောင်ရွက်ရမည့် အချက်များ၊ Industrial Estate, 2 Lane Road, Small Port, Small Water  Reservior, Initial Township, Power Plant, Telecommunication  Land Line များတွင် DSEZ (MC) နှင့် MIE, DRC, DPC, DTC Co.Ltd များမှ ဆောင်ရွက် ရမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး တွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းအား ဂျပန် သံရုံးအဖွဲ့မှ လာရောက် တွေ့ဆုံပြီး

- ဂျပန်သံရုံးသို့ ရောက်ရှိလာသော  Request  For  Letter နှင့်ပတ်သတ်၍ Focal Ministry ဖြစ်သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မထွက်ဘဲ စီမံ ဘဏ္ဍာဝန်ကြီး ဌာနမှ စာထွက်လာခြင်းအပေါ် မည်သို့ ဆက်သွယ် ဆောင်ရွက်ဆွေးနွေး ရမည်ကို ညှိနှိုင်းပေးရန်၊

- ကမ်းလှမ်းစဉ်က Deep Sea Port, Power Plant နှင့် Regional Development Plan (၃) ခု ဆွေးနွေးခဲ့ပြီး Request of  Letter တွင် Regional Development Plan မပါဝင်ခြင်းအား သိရှိလိုကြောင်း

- JHC, JCC တွင် မြန်မာ၊ ထိုင်းသာ ပါဝင်ပြီး SPV တွင်သာ ဂျပန် ပါဝင်သောကြောင့် JHC, JCC များတွင် ဂျပန် ပါဝင်နိုင်ရေး စဉ်းစားပေးရန်

- တနင်္သာရီတိုင်း ဒေသကြီး၏ လျှပ်စစ် သုံးစွဲမှုအား ဂျပန်အနေဖြင့် ရင်းနှီး မြှုပ်နှံမှုပမာဏ ဈေးကွက် ကျဉ်းလွန်းသဖြင့် ထိုင်းနိုင်ငံမှ ဖြစ်စေ၊ ရန်ကုန် မဟာဓါတ်အားလိုင်း မှဖြစ်စေ သယ်ယူ သုံးစွဲသင့်ကြောင်း
- SPV, JICA Expert အနေဖြင့် SPV ရုံး ရန်ကုန်တွင် ဖွင့်လှစ် ဆောင်ရွက်သဖြင့် MC မှ လိုအပ်ပါက JICA Expert ထားရှိပေးရန် စဉ်းစား ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။   

၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်ဆန်းအား JBIC အဖွဲကမှ လာရောက် တွေ့ဆုံပြီး
- DSEZ စီမံကိန်းတွင် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံ Frame Work Agreement အရ SPV ကုမ္ပဏီ ဖွဲ့စည်းခဲ့ပါကြောင်း
- SPV တွင် တစ်နိုင်ငံလျှင် Bord of  Director (၃) ဦးစီ ပါဝင်ပါကြောင်း၊ JIBC အနေဖြင့် SPV တွင် Board  of  Director  အဖြစ် တာဝန်ယူ ထားရပါကြောင်း
- SPV အနေဖြင့် DSEZ (MC) အား Supporting ပြုလုပ်ပေးရ မည်ဖြစ်ပြီး DSEZ (MC) အနေဖြင့် SPV အား တစ်နှစ်လျှင် အနည်းဆုံး ကုန်ကျစရိတ် US$ 30000  မှ 40000 အထိ ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း
- DSEZ (MC) မှ DSEZ  2 Lane Road Project EIA,SIA Public Consultation ဆောင်ရွက်မည့် အခြေအနေများ
- DSEZ  Website လွှင့်တင်မည့် အခြေအနေများ
- ERM အဖွဲ့မှ မြေယာ လျော်ကြေးပေးရေး အဖွဲ့တွင် ပါဝင်သည့် အရာရှိများအား Training ပေးမည့် အစီအစဉ်များ ၊ Joint Task Force ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိသည့် အခြေအနေ၊ Land Lease Agreement ချုပ်ဆိုနိုင်ရေး BLP အား ငှားရမ်းထားရှိမှု အခြေအနေ၊ 2 Lane, IE, Power Plant ဦးစားပေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ITD မှ DSEZ (MC) သို့ CA Fee ပေးသွင်းရန် ကျန်ရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး Request for Comfirnation အား DSEZ (MC) ဥက္ကဌရုံးသို့ ဆက်သွယ် ပေးပို့ရန် ဆွေးနွေးခဲ့ပါသည်။

၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းအား Nippon  Koei Co.Ltd အဖွဲ့မှ လာရောက် တွေ့ဆုံပြီး

- DSEZ (MC) မှ Initial Phase 2Lane Project  စတင်တော့မည် ဖြစ်ကြောင်း၊ NEDA မှ ချေးငွေ ရရှိပါက  လုပ်ငန်းဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ Initial Industry Estate စတ င်နိုင်ရန်အတွက် ITD  Land Lease Agreement  စာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ပြီးပါက IE လုပ်ငန်း စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း

- Nippon Koei အနေဖြင့် Initial Phase Project (၆) ခုတွင် independent Engineering အဖြစ် ပါဝင် ဆောင်ရွက်လျှက်ရှိရာ ၄င်း လုပ်ငန်း တစ်ခုချင်းစီ၏ Detail Design များအား အသေးစိတ် စီစစ် ရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့ တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်နှင့် အဖွဲ့အား TBEA Co.Ltd (China) မှ Regional Manager Mr. Richard Wu  လာရောက် တွေ့ဆုံခြင်း

- ထိုသို့ တွေ့ဆုံရာတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်မှ ထားဝယ်အထူး စီးပွားရေးဇုန်၏ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်

- ထို့နောက် TBEA Co.Ltd မှ ၄င်းတို့သည် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အခြေစိုက်ဖြစ်ပြီး Transformer, Transmittions Line, Cable, Solar Plant, Industrial Zone, Highway Road, High Speed Rail, Airport လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အတွေ့အကြုံများ ရှိကြောင်း၊ ထားဝယ် အထူး စီးပွားရေးဇုန်တွင် ပါဝင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါကြောင်း၊ အထူးသဖြင့် Solar Power Plant, Highway Road, Industrial Zone လုပ်ငန်းများတွင် အဓိက ပါဝင်လိုပါကြောင်းနှင့် သိရှိ လိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးသို့ အထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက် ကြည့်ရှု စစ်ဆေးခြင်း  
- ၂၆.၉.၂၀၁၇ ရက်နေ့တွင် အထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟို ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် အဖွဲ့သည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး (ရန်ကုန်) သို့ လာရောက်ခဲ့ရာ အထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးအောင်စိုး၊ ထားဝယ် အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယ ဥက္ကဌ  ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး  ဒေါက်တာတင်ထူးနိုင် နှင့် တာဝန်ရှိသူများမှ ကြိုဆို ခဲ့ကြပါသည်။

-    ဒုတိယ သမ္မတ (၂) အား ဦးအောင်စိုးမှ ထားဝယ် အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်းများ၊ ITD နှင့် စာချုပ် ချုပ်ဆိုထားရှိမှုနှင့် ၂ လမ်းသွား ကားလမ်း ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။

-    ဒေါက်တာမြင့်ဆန်းမှ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းများ၊ စာချုပ် ချုပ်ဆိုထားရှိမှု၊ JICA မှ ပင်မ စီမံကိန်း Master Plan ရေးဆွဲဆောင်ရွက်မည့် အခြေအနေနှင့် တရုတ် ကုမ္ပဏီများမှ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင် လုပ်ကိုင်လိုသည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။

-    ဒေါက်တာတင်ထူးနိုင်မှ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းများ အခြေအနေ၊ ၂လမ်းသွား ကားလမ်း ဆောင်ရွက်ရန် အတွက် ထိုင်းနိုင်ငံ NESDB အဖွဲ့၊ NEDA အဖွဲ့များနှင့် တွေ့ဆုံ ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။

-    ဒုသမ္မတ (၂) မှ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းအား စာချုပ်အတိုင်း အမြန်ဆုံး ရှေ့ဆက် ဆောင်ရွက်ရန်နှင့် ဆောင်ရွက် နိုင်မှု မရှိပါက ဆောင်ရွက်နိုင်သည့် နိုင်ငံများမှ ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။