၂၀၁၇ ခုနှစ် ဇွန်လ ၂၆ရက် နေ့တွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံးတွင် DSEZ (MC) ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အဖွဲ့အား HR Walling Ford Co.Ltd မှ Regional Manager Mr.Tim Chesher နှင့်အဖွဲ့ လာရောက် တွေ့ဆုံခြင်း

- ထိုသို့ တွေ့ဆုံရာတွင် ဒုဥက္ကဌ (၂) မှ ထားဝယ် အထူး စီးပွားရေးဇုန်၏ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး  HR Walling Ford အနေဖြင့် UK အခြေစိုက် ကုမ္ပဏီဖြစ်ပြီး ထားဝယ်အထူး စီးပွားရေးဇုန် တွင် Port & Terminal  Planning  Dredging , Reclamation လုပ်ငန်း များတွင် Technical Consultant အနေဖြင့် ပါဝင် လုပ်ဆောင်လိုကြောင်း နှင့် သိရှိလို သည်များအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။