၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက် နေ့တွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး ၌ DSEZ(MC) ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အဖွဲ့အား Nippon Koei Co.Ltd မှ Mr.K Nakaura လာရောက် တွေ့ဆုံခြင်း

- ထိုသို့ တွေ့ဆုံရာတွင် ဒုဥက္ကဌ (၂) မှ ထားဝယ် အထူး စီးပွားရေးဇုန်၏ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး Nippon Koei Co.Ltd အနေဖြင့် ကနဦး စီမံကိန်း (၉) ခု အနက် (၆) ခုတွင် independent  Engineer အဖြစ် ပါဝင် ဆောင်ရွက်ရန် ချုပ်ဆို ထားကြောင်း၊ စီမံကိန်း တစ်ခုချင်းအလိုက် အသေးစိတ် ပုံစံများ၊ စံချိန် စံညွှန်များအား စစ်ဆေးရန် ဖြစ်ကြောင်းနှင့် သိရှိ လိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။