ထိုင်း-မြန်မာ ထား၀ယ် အထူး စီးပွားရေးဇုန် ပူးတွဲ လုပ်ငန်း အဖွဲ့ အစည်းအဝေးအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် (၂၁-၂-၂၀၂၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့

joint task

ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေး အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် (၂၁-၂-၂၀၂၀) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ထားဝယ် အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်း အမြန်ဆုံး စတင်နိုင်ရေးနှင့် ထားဝယ် အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးအား မြန်မာဘက်မှ ဦးအောင်စိုး၊ အမြဲတမ်း အတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Mr. Danucha Pichayanan, Deputy Secretary General of the National Economic and Social Development Council (NESDC) တို့မှ ပူးတွဲ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာဘက်မှ ကိုယ်စားလှယ်များအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ DSEZ MC ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးဟန်၊ ညွှန်ကြားရေးမှူး ဦးနေဆန်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဉီးကျော်ကျော်နိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ် ဉီးမျိုးမြင့်ဉီး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာအိအိမျိုး၊ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဉီးလွင်မျိုးဇော် နှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးမှ ဉီးနေလင်းတို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပြီးနောက် ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံ တွဲဘက် အတွင်းရေးမှူးအဆင့် ပူးတွဲ လုပ်ငန်းအဖွဲ့ အလွတ်သဘော အစည်းအဝေးအား ဆက်လက် ကျင်းပခဲ့ပါသည်။