မြန်မာနိုင်ငံ ဆိုင်ရာ ပြည်တွင်း ပြည်ပ နိုင်ငံခြား သံရုံးများမှ သံရုံး အကြီးအကဲများ၊ ၎င်းတို့၏ ဇနီး/ ခင်ပွန်း များ ပါဝင်သည့် သံတမန် လေ့လာရေး အဖွဲ့ သည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ထားဝယ် အထူး စီးပွါးရေးဇုန်သို့ လာရောက် လေ့လာ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်၍ မြန်မာနိုင်ငံ ဆိုင်ရာ ပြည်တွင်း ပြည်ပ နိုင်ငံခြား သံရုံးများမှ သံရုံး အကြီးအကဲများ၊ ၎င်းတို့၏ ဇနီး/ခင်ပွန်း များ ပါဝင်သည့် သံတမန် လေ့လာရေး အဖွဲ့သည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ထားဝယ် အထူး စီးပွါးရေးဇုန်သို့ လာရောက်ခဲ့ပါသည်။

အဆိုပါ ဧည့်သည်တော်များအား ကြိုဆို ရှင်းလင်း တင်ပြသည့် အခမ်းအနားသို့ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဌ (၁)၊ တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချို နှင့် အတွင်းရေမှူး ဒေါက်တာ တင်ထူးနိုင်တို့မှ ကြိုဆိုခဲ့ပြီး ထားဝယ် အထူး စီးပွါးရေးဇုန် စီမံကိန်း ဖြစ်ပေါ်လာမှုနှင့် လက်ရှိ အခြေအနေ အကျဉ်းချုပ်အား ဒေါက်တာ တင်ထူးနိုင်မှ ရှင်းလင်း တင်ပြခဲ့ပြီး ဧည့်သည်တော်များ၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားခဲ့ပါသည်။

အစည်းအဝေးသို့ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များနှင့် ကနဦး စီမံကိန်း လုပ်ငန်း ရင်းနှီး တည်ဆောက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက်မည့် MIE/ITD ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။