ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (၈/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၂-၁၂-၂၀၂၀) ရက်နေ့တွင် Online Video Meeting ပြုလုပ် ကျင်းပခဲ့ပါသည်။

အစည်းအဝေး သဘာပတိအဖြစ် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ (၁)နှင့် တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ဒေါက်တာသီတာဦး၊ အမြဲတမ်း အတွင်းဝန်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ကော်မတီဝင်များ၊ SPV (မြန်မာ) မှ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ဝင်းဝင်းမော်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဦးကျော်ကျော်နိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒေါက်တာအောင်မိုးချယ်၊ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အထောက်အကူပြု အဖွဲ့များမှ ဦးဦးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
 

meeting


အစည်းအဝေးတွင် မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်း အကောင်အထည်ဖော်ရေး ကိစ္စအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ကနဦးစီးပွားရေးဇုန် စီမံကိန်းအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ရင်းနှီ းမြှုပ်နှံရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများမှ တင်ပြလာမှုများ၊ ထားဝယ် အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်ရန် လျာထားသည့် ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲရုံ မြေနေရာအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သို့ မြေနေရာ အတည်ပြု ပြန်ကြားနိုင်ရေးကိစ္စ၊ ထိုင်းနိုင်ငံ NEDA ချေးငွေဖြင့် ဆောင်ရွက်မည့် ၂-လမ်းသွား ကားလမ်း ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် ဂျပန်နိုင်ငံမှ ထားဝယ် ရေနက်စီမံကိန်းအတွက် ဆောင်ရွက်လိုသည့် လေ့လာ ဆန်းစစ်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။