ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ DSEZ MC "ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေး မြန်မာ-ဂျပန်-ထိုင်း (၃) နိုင်ငံ Working Level အစည်းအဝေး" သို့ တက်ရောက် အဖွင့် အမှာစကားပြောကြား

Conferencing_Nov06


ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် (၅-၁၁-၂၀၂၀) ရက်နေ့၊ နေ့လည် (၀၁:၀၀) နာရီချိန်တွင် မြန်မာ-ဂျပန်-ထိုင်း (၃) နိုင်ငံ Working Level အစည်းအဝေး သို့ တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထိုသို့ ပြောကြားရာတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ထိုင်း အစိုးရ အဆင့်အနေဖြင့် ဖွဲ့စည်းထားသည့် (Joint Coordination Committee-JCC), (Joint High Level Committee-JHC) တွင် ဂျပန်နိုင်ငံမှ ပါဝင်လိုကြောင်းနှင့် မြန်မာနှင့် ထိုင်းအစိုးရ ထံ တရားဝင် အဆိုပြုမှု လက်ခံရရှိပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အစိုးရများ၏ သဘောထား မေးမြန်းမှုအပေါ်  များစွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံက အပြုသဘောဆောင်သည့် ပြန်ကြားချက်အား ပြန်ကြားသွားမည် ဖြစ်ကြောင်းနှင့် ထားဝယ် အထူးစီးပွားရေးဇုန် အောင်မြင်ရေးအတွက် (၃) နိုင်ငံ အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး လိုအပ်သည့် အဆင့်များအား မိမိတို့ နိုင်ငံအလိုက်နှင့် ဂျပန်နိုင်ငံက အဆိုပြုထားသည့် နည်းပညာ အကူအညီ လုပ်ငန်းများကို ထိုင်း-ဂျပန်-မြန်မာ (၃) နိုင်ငံမှ ကိုယ်စားလှယ်များ စတင် ဆွေးနွေး ဆောင်ရွက်နိုင်ရေး အရေးကြီးသော အဆင့်ကို ပူးပေါင်းမှုဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တင်ပြ အတည်ပြုချက် ရယူကာ အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားပါသည်။

video conferencing_Nov6


အစည်းအဝေးသို့  မြန်မာဘက်မှ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ အဖွဲ့ဝင်များ ဖြစ်သည့် ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာနမှ ဒေါက်တာအောင်မိုးချယ်တို့ တက်ရောက်ခဲ့ပါသည်။

ထိုင်းနိုင်ငံ NEDA မှ Mr. Thuttai Keeratipongpaiboon, Acting Director, International Strategy and Coordination Division နှင့် ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံမှ Mr. IMAKYUREI Manabu, Deputy Director-General, Ministry of Economy, Trade and Industry, Mr. Watanabe, Director, MOFA, Mr. YAMAMOTO Taishi, Director, Ministry of Land, Infrastructure, Transport and Tourism နှင့် Mr. Takimi Kazuyuki, Counsellor, Embassy of Japan in Myanmar တို့ တက်ရောက်ခဲ့ကြပါသည်။