ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဒေါက်တာထွန်းနိုင်သည် (၁၆-၆-၂၀၂၀) ရက် နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. MARUYAMA Ichiro, Ambassador အား လက်ခံ ဆွေးနွေးခဲ့

ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဒေါက်တာထွန်းနိုင်၊ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ အဖွဲ့ဝင် ဒေါက်တာသီတာဦး၊ အမြဲတမ်းအတွင်းဝန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့သည် (၁၆-၆-၂၀၂၀) ရက် နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. MARUYAMA Ichiro, Ambassador, Mr. TAKIMI Kazuyuki, Counsellor, JICA Myanmar ၏ Chief Representative Mr. SAKAKURA Noriji ၊ တို့အား Teleconferencing ပြုလုပ်၍ လက်ခံ ဆွေးနွေးခဲ့ပါသည်။