ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (၆/၂၀၂၀) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၅-၈-၂၀၂၀) ရက် နေ့တွင် Online Video Meeting ပြုလုပ် ကျင်းပခဲ့ပါသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (၆/၂၀၂၀) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၅-၈-၂၀၂၀) ရက် နေ့တွင် Online Video Meeting ပြုလုပ် ကျင်းပခဲ့ပါသည်။ အစည်းအဝေး သဘာပတိအဖြစ် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ(၁)နှင့် တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ(၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်၊ ဒေါက်တာသီတာဦး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ခဲ့ပါသည်။