ထားဝယ် အထူး စီပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ ဒေါက်တာထွန်းနိုင် JICA Myanmar Office မှ တာဝန်ရှိသူများ အား လက်ခံ တွေ့ဆုံခြင်း

ဒေါက်တာထွန်းနိုင်၊ ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနနှင့် ဥက္ကဌ၊ ထားဝယ် အထူး စီပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် JICA Myanmar Office မှ တာဝန်ကျ ကာလပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် Senior Representative of Myanmar ဖြစ်သူ Mr. SAKAI Mamoru နှင့် အစားထိုး တာဝန် ထမ်းဆောင်မည့် Mr. KON Tetsutaro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ ဂါရဝပြု တွေ့ဆုံမှုအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။