Japanese Chamber of Commerce Bangkok မှ ဦးဆောင်ပြီး JBIC of Thailand, JICA နှင့် ထိုင်းနိုင်ငံ အခြေစိုက် ဂျပန်ကုမ္ပဏီ (၉) ခုမှ စီးပွားရေး လုပ်ငန်းရှင်များ ထားဝယ် အထူးစီးပွားရေးဇုန်သို့ လာရောက် လေ့လာ

ထားဝယ် အထူး စီးပွားရေးဇုန်သို့ Japanese Chamber of Commerce Bangkok မှ ဉီးဆောင်ပြီး JBIC of Thailand, JICA နှင့် ထိုင်းနိုင်ငံ အခြေစိုက် ဂျပန်ကုမ္ပဏီ (၉) ခုမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် လေ့လာသူ (၁၈) ဦးသည် ထားဝယ် အထူး စီးပွားရေးဇုန်သို့ (၆-၂-၂၀၂၀) ရက်နေ့တွင် မြန်မာ-ထိုင်းနယ်စပ် ထီးခီး ကားလမ်းမှ တဆင့် လာရောက် ခဲ့ကြပါသည်။

အဆိုပါ ဧည့်သည်တော်များအား ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ မြင့်ဆန်းမှ ကြိုဆိုခဲ့ပြီး ထားဝယ် အထူး စီးပွားရေးဇုန် ဖြစ်ပေါ် တိုးတက်မှုနှင့် အလားအလာ များအား လာရောက် ရင်းနှီး မြှုပ်နှံနိုင်ရေး ရှင်းလင်း ပြောကြား ခဲ့ပါသည်။

အစည်းအဝေးသို့ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များနှင့် ကနဦး စီမံကိန်း လုပ်ငန်း ရင်းနှီး တည်ဆောက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက်မည့် MIE/ITD ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
(၇-၂-၂၀၂၀) ရက်နေ့တွင် လေ့လာသူများသည် ထားဝယ် အထူး စီးပွားရေးဇုန်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။