ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ မြန်မာ အထူး စီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) သို့ တက်ရောက် အမှာစကား ပြောကြား

မြန်မာအထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာ အထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုများနှင့် ပတ်သက်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ရှင်းလင်းတင်ပြ လမ်းညွှန်မှု ခံယူခဲ့ပါသည်။