ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ Hong Kong New Energy Investment Holdings Limited, China Huanqiun Contracting & Engineering Co., Ltd (HQC), China Petroleum Pipeline Engineering Co., Ltd (CPP) နှင့် China Energy

ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အဖွဲ့ဝင်များသည် ယနေ့ (၁၀-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် Hong Kong New Energy Investment Holdings Limited, China Huanqiun Contracting & Engineering Co., Ltd (HQC), China Petroleum Pipeline Engineering Co., Ltd (CPP) နှင့် China Energy Engineering Corporation (CEEC)  မှ ကိုယ်စားလှယ် များအား Online Video Conferencing ဖြင့် လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

Conference Sept 10

ထိုသို့ တွေ့ဆုံရာတွင် ဒေါက်တာထွန်းနိုင်၊ ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေနံချက် စက်ရုံ လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိကြောင်း တင်ပြထားသည့်အတွက် ဆောင်ရွက်လိုသည့် အစီအစဉ်များအား သိရှိနိုင်ရန် ယခုကဲ့သို့ လက်ခံ တွေ့ဆုံရခြင်း ဖြစ်ကြောင်းနှင့် စီမံကိန်းအပေါ်  စိတ်ပါဝင်စားမှု ရှိသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

ထို့နောက် HK New Energy, HQC, CPP နှင့် CEEC တို့မှ ဆောင်ရွက်လိုသည့် ရေနံချက်စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ကော်မတီ အဖွဲ့ဝင်များနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးနှင့် ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။