ဒေါက်တာထွန်းနိုင် DSEZ ကော်မတီ ဥက္ကဋ္ဌမှ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသို့ သွားရောက် စစ်ဆေးသည့် သတင်း

dr_htun_naing

dr_htun_naing

dr_htun_naing

dr_htun_naing

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဒေါက်တာ ထွန်းနိုင်သည် (၂၃-၄-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် အတူ ထားဝယ် အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေ ရယူကာ အဆင့်မြှင့်တင် ဖောက်လုပ်မည့် ၂-လမ်းသွား ကတ္တရာကားလမ်း တည်ဆောက်ရေး အတွက် လေ့လာဆန်းစစ်နေမှု အခြေအနေများအား သိရှိနိုင်ရန်အတွက် မိုင်တိုင်အမှတ် ၁၆/၅ ဖာလုံတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးသက်ဇော်ဝင်းနှင့် အဖွဲ့အား တွေဆုံခဲ့ပြီး လေ့လာ ဆန်းစစ်မှု အခြေ အနေများ လက်ရှိဖြစ်ပေါ်တိုးတက်မှုများအား တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ဆက်လက်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ထားဝယ် အထူးစီးပွားရေးဇုန်၊ One Stop Service Centre ၌ ကော်မတီဝင်များ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ One Stop Service Centre ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို ့တွေ့ဆုံရာတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌမှ ကော်မတီအနေဖြင့် မြေပြင်တွင် စီမံကိန်း အကောင်အထည်ဖော် လာရေးအတွက် ဆောင်ရွက်နေမှုများ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ One Stop Service Centre ကိုယ်စားလှယ်များ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ နှင့် အဖွဲ့သည် ထားဝယ် အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်၊ ၀ ဒဿမ ၀၀ ကီလိုမီတာ မှတ်တိုင်နှင့် ဆိပ်ကမ်းငယ်သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။