ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဒေါက်တာထွန်းနိုင်နှင့် ကော်မတီဝင်များ ဂျပန်နိုင်ငံ METI, MOFA, MLITT, JICA နှင့် JBIC မှ ကိုယ်စားလှယ်များအား Online Video Conferencing ဖြင့် လက်ခံ တွေ့ဆုံ ဆွေးနွေး

ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်၊ အဖွဲ့ဝင် ဒေါက်တာ သီတာဦး၊ အမြဲတမ်းအတွင်း ဝန်ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ သည် (၈-၉-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ Ministry of  Economy, Trade and Industry, Trade, Economic Cooperation and International Technology Strategy မှ Deputy Director General Mr. IMAKYUREI Manabu,  Ministry of Foreign Affairs, Country Assistance Planning Division I, International Cooperation Bureau မှ Mr. WATANABE Shige, မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံသံရုံးမှ Mr. TAKIMI Kazuyuki, JICA, Southeast Asia Division 4, Southeast Asia and Pacific Department မှ Director Mr. BABA Takashi, MLITT နှင့် JBIC မှ တာဝန်ရှိသူများအား Online Video Meeting ကျင်းပ ပြုလုပ်၍ လက်ခံ တွေ့ဆုံခဲ့ပါသည်။

U Tun Naing

ထိုသို့ တွေ့ဆုံရွာတွင် ဥက္ကဌ ဒေါက်တာထွန်းနိုင်မှ ယခု ကာလအတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံနိုင်မှုအပေါ် များစွာ ဝမ်းမြောက်ပါကြောင်း၊ ဂျပန်နိုင်ငံ အစိုးရအနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ပါဝင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှုကို များစွာ ကြိုဆိုပါကြောင်း၊ ဒေသခံများနှင့် မြန်မာနိုင်ငံမှ နှစ်ပေါင်းများစွာ စောင့်ဆိုင်း နေခဲ့ရသည့် စီမံကိန်းအပေါ် အမြန်ဆုံး ဖြစ်ထွန်းစေလိုသည့် စိတ်ဆန္ဒကိုလည်း သိရှိ နားလည်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအား အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှင့် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ Covid-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကူညီ ပံ့ပိုးမှုများအား အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

Shunsuke Mikumo

ဆက်လက်၍ Mr. IMAKYUREI Manabu, Deputy Director General, Trade, Economic Cooperation and International Technology Strategy, Ministry of Economy, Trade and Industry မှ ဂျပန်နိုင်ငံမှ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဆောင်ရွက်လိုသည့် နည်းပညာပိုင်း ဆိုင်ရာ လေ့လာ ဆန်းစစ်မှု လုပ်ငန်း အစီအစဉ်များအား ရှင်းလင်း တင်ပြပါသည်။

ထို့နောက် နှစ်ဖက် တက်ရောက်လာသူများမှ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

Embassy Japan in Myanmar

အစည်းအဝေး၌ မြန်မာဘက်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ အဆင့် ပူးပေါင်း ဆောင်ရွက်မှု အစီစဉ်တွင် ဂျပန်နိုင်ငံ အစိုးရက တရားဝင် ပူးပေါင်း ဆောင်ရွက်လာရန် တိုက်တွန်းကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် ဆိုင်ရာ Strategic Environment Assessment လုပ်ငန်းကို ဂျပန်နိုင်ငံက နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီ ပေးမည့် ကိစ္စအား လက်ခံပါကြောင်း၊ အနာဂတ်တွင် ထိုင်း-ဂျပန်-မြန်မာ (၃) နိုင်ငံ ကိုယ်စားလှယ်များဖြင့် ဆွေးနွေး ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။