ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ၏ မြေယာ စီမံခန့်ခွဲမှုနှင့် ပတ်သတ်သည့် ညှိနှိုင်း အစည်းအဝေး
ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်သည် (၂၂-၁၁-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်၊ ကော်မတီများ၊ ရုံးအဖွဲ့ဝင်များနှင့် မြေယာကိစ္စနှင့် ပတ်သတ်ဿည့် တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအဆောက်အဦး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်အဝေးတွင် ဥက္ကဋ္ဌမှ ထားဝယ် အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်းအတွက် မြေငှား စာချုပ် အခြေအနေ၊ ပင်မ စီမံကိန်းတွင် လာရောက် ရင်းနှီး မြှုပ်နှံရန်အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများမှ လာရောက် တွေ့ဆုံမှုများနှင့် မြေယာ ကိစ္စရပ်များအား ဆွေးနွေး ပြောကြားခဲ့ပါသည်။