"နှစ်လမ်းသွားကားလမ်းနှင့် ပတ်သက်သည့် ကြားဖြတ် အစီရင်ခံစာ"

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှ ထားဝယ် အထူး စီးပွားရေးဇုန်သို့ ဆက်သွယ် ဖောက်လုပ်မည့် နှစ်လမ်းသွား ကားလမ်း အဆင့် မြှင့်တင်ခြင်း စီမံကိန်းတွင် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency (NEDA) မှ Survey and Detailed Design အတွက် Technical Assistance များ ဆောင်ရွက်ပေးနိုင်ပါရန် (၁.၁၁.၂၀၁၈) ရက်နေ့တွင် ထိုင်းနိုင်ငံမှ NEDA နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့သည် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ NEDA မှ (၁.၂.၂၀၁၉) ရက်နေ့တွင် INDEX၊ DECADE နှင့် PSK CONSULTANT Co., LTD ဟူ၍ Consultant Group (၃) ခုအား ငှားရမ်းထားပြီးဖြစ်ပါသည်။ Consultant Group များအနေဖြင့် အစီရင်ခံစာ များအား (၂၈.၉.၂၀၁၉) ရက်နေ့တွင် အပြီးသတ် တင်ပြရမည်ဖြစ်ပါသဖြင့် (၂၉.၄.၂၀၁၉ မှ ၃.၅.၂၀၁၉) ထိ Survey လုပ်ငန်းများ အား ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံမှ NEDA နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှ ထားဝယ် အထူး စီးပွားရေးဇုန်သို့ ဆက်သွယ် ဖောက်လုပ်မည့် နှစ်လမ်းသွား ကားလမ်း အဆင့် မြှင့်တင်ခြင်း စီမံကိန်း နှင့် ပတ်သတ်သည့် ကြားဖြတ်အစီရင်ခံစာ အစည်းအဝေးအား (၂၆.၇.၂၀၁၉) ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပြီး Economic-Social & Traffic Transportation ၊Engineering Study Environmental & Public Relation တို့နှင့် ပတ်သတ်၍ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။