လူထုဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ထား၀ယ် အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာ၀ ပတ်၀န်းကျင်နှင့် လူမှုပတ်၀န်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ အခြေအနေနှင့် စပ်လျဉ်း၍ မတ်လ (၂၈) ရက်နှင့် (၂၉) ရက်များတွင် ထား၀ယ် အထူး စီးပွားရေးဇုန် ခန်းမ၌ ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒေသခံ အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၀င်များ၊ CSOs, INGOs, NGOs များ၊ Concessionaires နှင့် Consultants.များနှင့် ထား၀ယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့၀င်များ တက်ရောက် ခဲ့ကြပါသည်။