ဒေါက်တာထွန်းနိုင်၊ ဥက္ကဌနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်များမှ Chevron and Unocal/Chevron Myanmar မှ ကိုယ်စားလှယ်များအား Online Video Conferencing ဖြင့် လက်ခံ တွေ့ဆုံဆွေးနွေး

ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် အဖွဲ့ဝင်များသည် ယနေ့ (၁၀-၉-၂၀၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် Mr. Jonathan Perry, President, Unocal Myanmar Offshore Co., Ltd ဦးဆောင်သော Chevron and Unocal/Chevron Myanmar မှ ကိုယ်စားလှယ်များ အား Online Video Conferencing ဖြင့်လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ မှ ထားဝယ် အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီး မြှုပ်နှံမည့် Investors နှင့် Developers များ ရရှိနိုင်မည့် အထူးစီးပွါးရေးဇုန် ဥပဒေ၊ နည်းဥပဒေများအရ အခွင့်အလမ်း၊ အကျိုးကျေးဇူးများနှင့် အခြေအခံ အဆောက်အဦများအတွက် စီစဉ်လျက်ရှိမှုတို့အား ရှင်းလင်း ပြောကြားပါ သည်။

ထို့နောက် Mr. Jonathan Perry, President, Unocal Myanmar Offshore Co., Ltd မှ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးတည် ဆောက်နိုင်မှု အလားအလာနှင့် သိရှိလိုသည်များအား မေးမြန်းခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။