ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့ဝင်များသည် Myanmar Chemical & Machinery Co., Ltd, Yunnan Indo-Pacific Group (Indo-Pacific) နှင့် Zhong'an and CNPC East China Design Institute (CEI) မှ ကိုယ်စားလှယ်များအား ၂

ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့ဝင်များသည် Myanmar Chemical & Machinery Co., Ltd, Yunnan Indo-Pacific Group (Indo-Pacific) နှင့် Zhong'an and CNPC East China Design Institute (CEI) မှ ကိုယ်စားလှယ်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် Online Video Conferencing ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒေါက်တာထွန်းနိုင်၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထားဝယ် အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည် Investors နှင့် Developers များရရှိနိုင်မည့် အထူးစီးပွါးရေး ဇုန်ဥပဒေ၊ နည်းဥပဒေများအရ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပါသည်။

MCM 1

ထို့နောက် Myanmar Chemical & Machinery Co., Ltd မှ Chief Executive Officer ဦးအောင် မျိုးမင်းမှ မြန်မာနိုင်ငံအခြေစိုက် MCM Co., Ltd, ၎င်း၏ မိတ်ဖက်ကုမ္ပဏီများဖြစ်သည့်  Indo-Pacific Group နှင့် Zhong'an and CEI မှကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ဆောင်ရွက်လိုသည့် Refinery စီမံကိန်းနှင့် ပတ်သက်၍ ကနဦးရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ Indo-Pacific Group မှ ကိုယ်စားလှယ်များမှ Refinery စီမံကိန်းနှင့် စပ်လျဉ်း၍ အသေးစိပ်ရှင်းလင်းတင်ပြပြီး၊ CEI မှ နည်းပညာပိုင်းဆိုင်ရာနှင့် ဆောင်ရွက်သွားမည့် Feasibility Study နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

MCM 2

ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဥက္ကဌ (၁) ဒေါ်ရီရီ ချို၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ကော်မတီအဖွဲ့ဝင်များနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်ဦးတို့ တက် ရောက်ခဲ့ကြပါသည်။