၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့- ထားဝယ် အထူး စီးပွားဇုန် စီမံကိန်းသို့ - ကနေဒါ သံအမတ်ကြီးနှင့် အဖွဲ့

- ကနေဒါ သံအမတ်ကြီးနှင့် အဖွဲ့အား ထားဝယ် အထူး စီးပွားရေးဇုန် ခန်းမတွင် ဒုဥက္ကဌ (၁) ဦးဖြိုး၀င်းထွန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထွန်းနိုင်နှင့် အဖွဲ့၀င်များ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ OSSC အဖွဲ့၀င်များနှင့် ITD ကုမ္ပဏီမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

- ထို့နောက် ဒုဥက္ကဌ (၁) ဦးဖြိုး၀င်းထွန်းမှ ကနေဒါ သံအမတ်ကြီးနှင့် အဖွဲ့အား ကြိုဆို ပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုး  တိုးတက်ရေးအတွက် ထားဝယ် အထူး စီးပွား ရေးဇုန် စီမံကိန်းသည် အရေးပါကြောင်းနှင့် ထားဝယ် အထူး စီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါ သည်။

- ဆက်လက်၍ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်မှ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ ကနဦး စီမံကိန်းနှင့် ပင်မ စီမံကိန်းများ၊ ကနဦး စီမံကိန်းများတွင် ပါ၀င်သော လုပ်ငန်း တစ်ခုချင်းစီနှင့် ITD ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆို ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။

canada ambassador- ထို့နောက် ကနေဒါ သံအမတ်ကြီးမှ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရန် စိတ်၀င်စားပါကြောင်း၊ လက်ရှိတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကနေဒါ နိုင်ငံ ကုမ္ပဏီများမှ ၀င်ရောက် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်လျက် ရှိပါကြောင်း၊ ကနေဒါ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံနိုင်ရန် လေ့လာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

- ဆက်လက်၍ ကနေဒါ သံအမတ်ကြီးနှင့် အဖွဲ့အား ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အတွင်း လှည့်လည် ကြည့်ရှု လေ့လာခဲ့ပါသည်။