၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ထားဝယ် အထူးစီးပွားရေးဇုန် အစည်းအဝေး ခန်းမတွင် ထားဝယ် အထူးစီးပွားဇုန် စီမံကိန်းနှင့် ပတ်သက်၍ Public Consultation လူထုတွေ့ဆုံပွဲ ကျင်းပခြင်း

- တွေ့ဆုံပွဲတွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုဥက္ကဌ (၁) ဦးဖြိုး၀င်းထွန်း ဒုဥက္ကဌ (၂) ဒေါက်တာ မြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထွန်းနိုင်နှင့် အဖွဲ့၀င်များ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ OSSC အဖွဲ့၀င်များ၊ ITD ကုမ္ပဏီမှ တာ၀န်ရှိသူများ၊  ဒေသခံ ကျေးရွာများမှ ပြည်သူလူထုများ တက်ရောက် ခဲ့ကြပါသည်။

- ထို့နောက် ဒုဥက္ကဌ (၁)  ဦးဖြိုး၀င်းထွန်းမှ လက်ရှိ အစိုးရ လက်ထက်တွင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ဒေသခံ လူထုတွေ့ဆုံပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ စီးပွားရေးအတွက် SEZ များသည် အရေးပါကြောင်း၊ ထားဝယ် အထူး စီးပွားရေးဇုန်သည် ဖွံ့ဖြိုးရန် အလားအလာ ကောင်းကြောင်း၊ လက်ရှိ အခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် အားလုံး ပါ၀င်ပေးစေ လိုပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

SEZ- ဆက်လက်၍ ဒုဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းမှ မိမိတို့ ကော်မတီသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှ စတင် တာ၀န် ထမ်းဆောင်ခဲ့ကြောင်း၊ ထားဝယ် အထူး စီးပွားရေးဇုန် တိုး တက်မှု ဖြစ်စဉ်တွင် မြေပြင်တွင် တိုးတက်မှု မရှိသေးကြောင်း၊ အပေါ်ပိုင်းတွင် ဆွေးနွေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများ၏ အသံကို ကြားချင်ပါကြောင်း၊ ရှေ့ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ (၂) လမ်းသွား ကားလမ်း စီမံကိန်း၊ လျှပ်စစ်မီး ရရှိရေးကိစ္စ၊ ဆိပ်ကမ်း တည်ဆောက်ရေးများကို အဓိက ထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

- ထို့နောက် တက်ရောက်လာသော ဒေသခံ ပြည်သူများ၏ မေးမြန်း ဆွေးနွေးမှုများအား DSEZ MC အဖွဲ့နှင့် ITD မှ တာ၀န်ရှိသူများနှင့် ဌာနဆိုင်ရာများမှ ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ပါသည်။