၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၆ရက် နေ့တွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (ရန်ကုန်) ရုံး သို့ အထူး စီးပွားရေး ဇုန်ဆိုင်ရာ ဗဟို ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ လာရောက် ကြည့်ရှု စစ်ဆေးခြင်း

- ဒုတိယ သမ္မတ (၂) အား အထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးအောင်စိုး၊ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယ ဥက္ကဌ (၂)  ဒေါက်တာ မြင့်ဆန်း၊ အတွင်းရေးမှူး  ဒေါက်တာ တင်ထူးနိုင် နှင့် တာဝန်ရှိသူများမှ ကြိုဆို ခဲ့ကြပါသည်။

u henery van thio- ထို့နောက် ထားဝယ် အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်းများအား ITD နှင့် စာချုပ် ချုပ်ဆို ထားရှိမှု အခြေအနေ၊  ၂ လမ်းသွား ကားလမ်း ဆောင်ရွက်မည့် အခြေအနေ၊ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လာရောက် တွေ့ဆုံမှုများ၊ စီမံကိန်းနှင့် ပတ်သတ်၍ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသည့် နိုင်ငံခြား ကုမ္ပဏီများ လာရောက် တွေ့ဆုံ ဆွေးနွေးမှု များကို ရှင်းလင်း တင်ပြခဲ့ပါသည်။

- ဒုသမ္မတ (၂) မှ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းအား အမြန်ဆုံး ရှေ့ဆက် ဆောင်ရွက်နိုင်ရန်နှင့် ဆောင်ရွက်နိုင်မည့် သူများနှင့် ချိတ်ဆက် လုပ်ကိုင်သွားနိုင်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။